ရေနံချောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ရေနံချောင်း  ဒီဇင်ဘာ  ၂၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ရုံး အနေဖြင့် အသိပညာ ပေးလုပ်ငန်းများကို ကိုဗစ်ကာလအတွင်းတွင်  Online မှတဆင့် ရေနံချောင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook  Page နှင့် IPRD Yenanchaung Facebook  Page တို့တွင် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့နေ့လည် ()နာရီအချိန်ခန့် က ရေနံချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင် စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ ကဗျာဆရာ ဦးဝင်းကျော် (ကိုဝေ)တို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး  Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန္ဒာလှိုင် က ၂၀၂၂ - ခုနှစ်၊ ဇန်နဝါရီလ ()ရက်နေ့တွင် ရောက်ရှိမည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး စာပေချစ်မြတ်နိုးသော စာရေးဆရာ၊ ကဗျာဆရာ ဦးဝင်းကျော် (ကိုဝေ)နှင့်အတူ  အင်္ဂလိပ်နယ်ချဲ့များက မြန်မာနိုင်ငံကိုကျူးကျော်စစ် ()ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြပုံ၊ တစ်ချိန်က မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ရှိခဲ့ရပုံ၊ လွတ်လပ်ရေးရရှိဖို့အရေး မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ ရွံ့ရွံ့ချွန်ချွန် တိုက်ပွဲဝင်ခဲ့ကြပုံ၊ ပြည်သူများ၏ စုပေါင်းအားဖြင့် လွတ်လပ်ရေး ရရှိခဲ့ကြပုံများကို ကျောင်းသား၊ ကျောင်းသူ လူငယ်များသိရှိနိုင်ရေး အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ငြိမ်းငြိမ်းအိ