လှိုင်းဘွဲမြို့နယ် ကျီးမနိုးတောရကျောင်းရှိ ရဟန်းသံဃာများအတွက်  ဆွမ်းဆန်/ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

လှိုင်းဘွဲ      ဒီဇင်ဘာလ   ၂၃

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာ အခြေ ချ(လှိုင်းဘွဲ)ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊အရာရှိစစစ်သည်မိသားစုဝင်များက မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ရဟန်း/သံဃာများအတွက် ဆွမ်းဆန်/ဆီ/ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျီးမနိုးတောရကျောင်းတွင် ဆွမ်း ဆန်/ ဆီနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါဆက်ကပ်လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့်တပ်ရင်း/တပ်ဖွဲ့များ၊ အရာရှိ/စစ်သည်မိသားစုများက ကျီးမနိုးတောရကျောင်း ကျောင်းထိုင်ဆရာတော် ဥူးဝိမလအား ဖူးမြှော်ကြည်ညိုပြီး ကျီးမနိုးတောရကျောင်းရှိ ရဟန်း/သံဃာများ ကိုဗစ်-၁၉ ကာလအတွင်း အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်၊ ဆီ၊ ခြံထွက်ဟင်းသီး ဟင်းရွက်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)