တံတားဦးမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမ၌ ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ဆောင်ရွက်

တံတားဦး  ဒီဇင်ဘာ  ၂၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန တို့ပူးပေါင်းပြီး ၊ ယနေ့နံနက်(၇)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန လူထုအအခြေပြု ဗဟိုဌာန ( Community Centre )ခန်းမ၌ ဒေသခံ ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားနည်းများကို အလွယ်တကူ သိရှိလေ့လာ လိုက်ပါ ဆောင်ရွက်နိုင်ရန် (Fitness Dance) ကာယလေ့ကျင့်ခန်း အစီအစဉ်များကို သရုပ်ပြဆောင်ရွက်ကြ ကြောင်းသိရသည် ။

ကိုယ်လက်လှုပ်ရှား အားကစားသရုပ်ပြအစီအစဉ်တွင် တံတားဦးမြို့နယ်(Fitness Dance) အားကစား သမားများက ဒီဇင်ဘာလ လူထုလှုပ်ရှားအားကစားလှုပ်ရှားမှုကို ဂုဏ်ပြုရေးဖွဲ့ထားသော  သီချင်းများဖြင့်  သရုပ်ပြကြကြောင်းသိရသည်။ ဒေသခံပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားနည်းများကို အဆင်ပြေချောမွေ့စွာ လိုက်ပါလေ့ကျင့်ဆောင်ရွက်ခြင်းဖြင့် ကိုယ်ခံစွမ်းအားမြှင့်တင်ရေး၊  အားကစား ပုံမှန် လှုပ်ရှားဆောင်ရွက်နိုင်ရေး၊ ကျန်းမာစွာနေထိုင်သွားလာနိုင်ရေးတို့အတွက် ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း ပြည်သူများကလည်း လိုက်ပါလေ့ကျင့်ဆောင်ရွက်နိုင်ကြောင်းလည်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှသိရသည်။

ရဲတင့်(တံတားဦး)