​မွန်​ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန်ခွဲရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေး

မော်လမြိုင်     ဒီဇင်ဘာ        ၂၃

မွန်​ပြည်နယ် မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ၊  နိုင်ငံတော်၏ ကုန်ထုတ် အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှုမဖြစ် ပေါ်စေရန် ရည်ရွယ်၍  ရုံးဌာနများ၊ ကုမ္ပဏိများ၊စက်ရုံ၊ အလုပ်ရုံများ၊ စျေးများ နှင့်ရပ်ကွက်/ကျေးရွာများအလိုက်မီး​ဘေးကြိုတင် ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိရာယနေ့နံနက်ပိုင်းက ၊မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူများသည် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးဌာန ဌာနဝန်ထမ်းများ အားအသိပညာ ပေးခြင်း နှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပေး ကြောင်းသိရသည်။

ရှေးဦးစွာမြို့နယ် မီးသတ်ဦးစီးဌာနမှူးဦးစိုးကျော်သူကမီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့် အချက်များ၊ မီးသုံးစွဲရာတွင်လိုက်နာရမည့် စည်းကမ်းချက်များ၊ အရေးပေါ်အခြေအနေတွင် မီးလောင်မှုဖြစ် ပွားပါက  မီးငြှိမ်းသတ်ခြင်း၊ သဲပုံး၊ ရေပုံးများ   မီးချိတ်၊  မီးကတ် မီးသတ်ဆေးဘူးများစနစ်တကျသုံးစွဲရေး နှင့်   မီးဘေးလုံခြုံရေးဆိုင်ရာ     အသုံး အဆောင်ပစ္စည်းများ ထားရှိရေး တို့ကို ရှင်းလင်းဆွေးနွေးပေးပြီး  လက်တွေ့ မီးငြှိမ်းသတ်နည်း သရုပ်ပြပေးသည်။

ထို့နောက်တက်ရောက်ကြသည့် ဝန်ထမ်းများကသိရှိလိုသည့် မီးဘေးအန္တရာယ်ကာကွယ်ရေးအချက်များ၊ အရေး ပေါ်ဆက်သွယ် အကြောင်းကြားရည့်  ဖုန်းနံပါတ်များနှင့်   မီးသတ်ဆေးဗူး   အသုံးပြုပုံတို့ကို  မေးမြန်း ကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးကြောင်းသိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)