မြို့သစ် ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် လူငယ်လူရွယ်များ၊ ကျောင်းသား ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရေးအတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်း အမှတ်အကြိုစာအုပ်ပြပွဲ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲကိုယမန် နေ့မွန်းလွဲပိုင်းကမြို့နယ်ပြည်သူ့စာကြည့်တိုက်လူထု အခြေပြုဗဟိုဌာနတွင် ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုစာအုပ်ပြပွဲတွင်မြို့နယ်ရုံးပြည် သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များအားပြသထားရှိပြီး နံရံကပ် စာစောင်နှင့်ဓာတ်ပုံပြပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့ခေါင်း ဆောင်များ၏ လွတ်လပ်ရေးရရှိရန်ကြိုး ပမ်းဆောင်ရွက်မှုမှတ်တမ်းများ၊ အသိပညာပေးစာ စောင်များပြသထားရှိကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)