သာစည် ဒီဇင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများ အား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက သတ်မှတ်ဆေးထိုးစုရပ်များ၌ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရ သည်။
ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက Sinopharm အမျိုးအစား ကာကွယ်ဆေးပုလင်း တစ်လုံးလျင် ငါးဦးနှုန်းဖြင့် ပဉ္စမအသုတ် ပထမအကြိမ်အဖြစ် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ထိုးနှံပေးခဲ့ရာ ဆင်တောင်ကျေးရွာတွင် ပြည်သူ ၄၂၀ ဦး၊ သာဂရကျေးရွာတွင် ၃၉၅ ဦး၊ ဘွဲ့ခြားကျေးရွာတွင် ၂၀ ဦး၊ စုစုပေါင်း ၈၃၅ ဦးတို့အား ထိုးနှံပေးခဲ့သည်။
သာစည်မြို့နယ်တွင် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ဇူလိုင်လ ၃၁ ရက်မှ စတင်၍ ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လွှမ်းခြုံမှုအနေဖြင့် ယနေ့အထိ ပထမအကြိမ် ထိုးနှံပြီးစီးသူ ၇၉၀၉၉ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ ၆၅၈၅၇ ဦး၊ စုစုပေါင်း ၁၄၄၉၅၆ ဦးတို့အား ထိုးနှံပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသည့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများကိုလည်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)