(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ သန်လျင်၌ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၃ 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တောင်ပိုင်းခရိုင် (ခရိုင်)အဆင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက သန်လျင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်များမှ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများက အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၄)ဦး၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် (၆)ဦး၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် (၁၈)ဦး၊ အလယ်တန်းဆင့် ပိုစတာပြိုင်ပွဲတွင် (၉)ဦး၊ မူလတန်းဆင့် ပန်းချီပြိုင်ပွဲတွင် (၂၁) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရိုင်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ ဝင်ရောက် ယှဉ်ပြိုင်နေကြသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက လှည့်လည်ကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့ကြောင်းနှင့် ဆုရရှိသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။