မေတ္တာမြို့၌ မှုခင်းကျဆင်းရေးအသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်

မေတ္တာ ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ မေတ္တာတံတားစစ်ဆေးရေးဂိတ်နှင့် ထားဝယ်-ထီးခီး ဟိုင်းဝေးကားလမ်းကြီး ပေါ်တို့တွင် ယမန်နေ့က မေတ္တာမြို့ နယ်မြေရဲစခန်းမှ တာဝန်ရှိသူများသည် မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဉ်စည်းကမ်းလမ်းစည်း ကမ်းနှင့် ပတ်သက်၍ မြို့အတွင်း မှုခင်းကျဆင်းစေရန် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မေတ္တာမြို့၊ နယ်မြေရဲစခန်းဒု-ရဲအုပ်ရန်နိုင် ဦးဆောင်သော တပ်ဖွဲ့ ဝင်များ၊ သက်ဆိုင်ရာဌာနများ၊ ရပ်မိရပ်ဖ များပူးပေါင်း၍ မေတ္တာမြို့၊ စစ်ဆေးရေး တံတားထိပ်တွင် ဖြတ်သန်းသွားလာသော ဒေသခံပြည်သူများအား မူးယစ်ဆေးဝါး အန္တရာယ် ကို ဝိုင်းဝန်း တားဆီးကြရန် လူတိုင်းတွင် တာဝန်ရှိကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်၍ စနစ်တကျ မောင်းနှင်သွားလာကြခြင်း၏ အကျိုးနှင့် စည်းကမ်းမလိုက်နာဘဲ မောင်းနှင်သွားလာ ကြခြင်းကြောင့် ဖြစ်တတ်သော ဆိုးကျိုးများ၊ ယာဉ်စည်းကမ်း လမ်းစည်း ကမ်းနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား သတင်းစကားပြောကြားခြင်း၊ ယာဉ်များအား ရှောင်တခင် စစ်ဆေးခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နန်းခလိုက် (မေတ္တာ)