ကျုံပျော် ဒီဇင်ဘာ ၂၃
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မူလတန်းအဆင့် ဆေးရောင်ချယ် ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာမင်းက ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်းက ပြိုင်ပွဲဝင် ကလေးများကို အားပေးစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ဆေးရောင်ခြယ်အမှတ်ပေးမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါပြိုင်ပွဲသို့ အောင်ဆန်း အမက မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး ဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပထမဆုကို မောင်ပိုင်ဇင်ဖြိုး၊ ဒုတိယဆုကို မသွန်းသော်တာအောင်နှင့် တတိယဆုကို မောင်ပြည့်ဖြိုးဇင်နှင့် အထူးဆုကို မောင်သက်မှူးပိုင်တို့က အသီးသီးရရှိခဲ့ ကြောင်းသိရသည်။
လပြည့်ဦး(ပြန်/ဆက်)