ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုပြပွဲပြိုင်ပွဲများကျင်းပ

ဝါးခယ်မ   ဒီဇင်ဘာ   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန   (Community Center) ခန်းမတွင် ယနေ့မွန်းလွဲ (၂)နာရီက   (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်/ စာစောင်နှင့် အရုပ်ခေါက်ပြိုင်ပွဲများ ကျင်းပပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အရုပ်ခေါက်ပြိုင်ပွဲကို ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ဆုများချီးမြှင့်ပေးခဲ့သည်။ ကျောင်းသား/ ကျောင်းသူများ နေ့ထူးနေ့မြတ်များအား မမေ့ကြရန် လွတ်လပ်ရေးရယူပေးခဲ့သော သမိုင်းကြောင်းများကို ပြန်လည်အမှတ်ရစေရန်၊ စာကြည့်တိုက်အား အကျိုးရှိစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ လွတ်လပ်ရေးနှင့် ပတ်သက်သည့် စာအုပ်/စာစောင်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မ ပြန်/ဆက်)