မိုင်းငေါ့ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားကို ကွန်ကောက်ကျေးရွာနှင့် မန်ပင့်ကျေးရွာ ရှိ ပြည်သူများအား ယမန်နေ့ နံနက် (၉) နာရီအချိန်က ပထမအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကွန်ကောက်ကျေးရွာမှ ကျား(၃၄)ဦး၊ မ(၁၁)ဦး စုစုပေါင်း (၄၅)ဦး ၊ မန်ပင့်ကျေးရွာမှ ကျား(၁၁)ဦး ၊မ (၁၄) ဦးစုစုပေါင်း (၂၅) ဦး တို့အား ကွန်ကောက်ကျေးရွာ အောင်သုခ ဘုန်းတော်ကြီးကျောင်းတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးခဲ့ကြသည်။
ကာကွယ်ဆေးမထိုးနှံမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ စစ်ဆေးပြီးမှ ကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ကာကွယ်ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့်ပေးကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)