သထုံ ဒီဇင်ဘာ ၂၃
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယနေ့၊ နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ကျင်းပ ပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး(တာဝန်ပေး) ဒေါ်ခင်လေးနွယ်က Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဆန်းက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ တိုင်းရင်း သားအားလုံးတို့၏ လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းမှုများ၊ ပထမကျောင်းသား သပိတ်မှစတင်ပြီးမျိုး ချစ်စိတ်ဓါတ်များ နိုးကြားလာကာ မြန်မာ့ လွတ်လပ်ရေးကို အရယူသည်အထိ ကြိုးပမ်းဆောင် ရွက်ခဲ့ပုံများ၊ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းခဲ့မှုများ၊ အနာဂတ်လူငယ်များအနေဖြင့် လွတ်လပ်ရေးနေ့ နှင့်ပတ်သတ်သည့် ဂုဏ်ကျေးဇူး များကို မမေ့မလျော့ လက်ဆင့်ကမ်း အလေးအမြတ်ထားကြရေးနှင့် ပြည်သူများအနေဖြင့် လွပ်လပ်ရေး ကို အဓွန့်ရှည်တည်မြဲအောင် စည်းကမ်းရှိရှိဖြင့် နေထိုင်ကြရေး စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)