ငါးသိုင်းချောင်း ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယနေ့မွန်းလွဲပိုင်းက ငါးသိုင်းချောင်းမြို့ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာ သိန်း ဇော်(ရွှေလီဦး)အား (၂၀၂၀)ခုနှစ်၊ စာပေဗိမာန် စာမူဆု (ဝတ္ထုတိုပထမဆု) ရရှိခဲ့ခြင်း အတွက် ငါးသိုင်း ချောင်းမြို့ ပြန်/ဆက်ဦးစီးဌာနနှင့် (Club)အသင်းအဖွဲ့ဝင်များက ထပ်ဆင့်ဂုဏ်ပြုပွဲနှင့် စာအုပ်စာ စောင် လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး စာရေးဆရာ သိန်းဇော်(ရွှေလီဦး)အား ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန ဦးစီးမှူး ဒေါ်နှင်းယုဝေနှင့် ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club, Youth Club, Women Club) အသင်းအဖွဲ့ဝင်များက အမှတ်တရဂုဏ်ပြုလက်ဆောင်နှင့် ထပ်ဆင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း၊ ချီးကျူးဂုဏ်ပြုစကား ပြောကြားခြင်း၊ စာရေးဆရာ သိန်းဇော်(ရွှေလီဦး)က မြို့ပြန်/ဆက်ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်၊ စာစောင်(၁၃)အုပ် လှူဒါန်းခြင်း၊ (၂၀၂၀)ခုနှစ်၊ စာပေဗိမာန်စာမူ(ဝတ္ထုတိုစာမူ) (ပထမဆု)ရ “ဖားဝိဇ္ဇာနှင့် ကျေးရွာအလှ ဝတ္ထုတိုပေါင်းချုပ်'' စာမူရေးသားခြင်းနှင့်ပါတ်သက်၍ စာပေအတွေ့ အကြုံများမျှဝေခြင်း၊ ကျေးဇူးတင် စကားပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂုဏ်ပြုပွဲနှင့် စာအုပ်စာစောင်လှူဒါန်းပွဲ အခမ်းအနားသို့ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း (ရေကြည်မြို့နယ်)ရှိ အသင်းဝင် စာရေးဆရာများ၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စာပေချစ်မြတ်နိုးသူများ အသင်း (Book Club, Youth Club, Women Club)အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများ စုံညီစွာ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)