ကျောက်ဆည်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ

ကျောက်ဆည်   ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ညနေ(၂)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ထုပ်ဆီးထိုးပြိုင်ပွဲနှင့် လွန်ဆွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထုပ်ဆီးထိုးအားကစားပြိုင်ပွဲတွင် အမျိုးသမီးကျောင်းသူအသင်း(၅)သင်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လွန်ဆွဲပြိုင်ပွဲ တွင် အမျိုးသားကျောင်းသားအသင်း(၅)သင်းနှင့် အမျိုးသမီး ကျောင်းသူအသင်း(၅)သင်းတို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအေးနှင့် ဆရာ၊ဆရာများ၊ ကျောင်းသား၊ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ထုပ်ဆီးထိုးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ကျောင်းသား၊ကျောင်းသူမျာအား  ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် အခြေခံပညာ ကျောင်းများတွင်လည်း ကျောင်းတွင်းအားကစားပြိုင်ပွဲများအဖြစ် ပူးပေါင်းဖောက်၊ အာလူးကောက်၊ အိတ်စွပ် ပြေးပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)