မအူပင်ခရိုင်လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (Talk Show) ဆောင်ရွက်

မအူပင် ဒီဇင်ဘာ ၂၄

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (Talk Show) ကို မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မအူပင်ခရိုင်၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် Talk Show ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်ဆရာဦးဘိုထွေးက လွတ်လပ်ရေး နောက်ခံသမိုင်းကြောင်း ကျူးကျော်စစ်သုံးကြိမ် ပေါ်ပေါက်လာမှုများ၊ လွတ်လပ်ရေးအထိမ်းအမှတ်ကဗျာနှင့် လွတ်လပ်ရေးနေ့ ဦးတည်ချက်များအား ယနေ့ခေတ်လူငယ်များ အသိပညာဗဟုသုတရရှိစေရန်အလို့ငှာ အကျယ် တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ မအူပင်ခရိုင်ရုံးမှ ပြည်သူများအသိပညာဗဟုသုတ တိုးပွားစေရေး အတွက် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ အများပြည်သူ သိသင့် သိထိုက်သည့် အကြောင်းအရာများဖြင့် လစဉ်ပြုလုပ်ဆောင်ရွက်ပေးပြီး မအူပင်ခရိုင်၊ ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်ပြန်/ ဆက်(မအူပင်)