ဘူးသီးတောင် ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရွာမကျေးရွာ အတွင်းရှိ နေအိမ်များအားမီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မီးသတ် တပ်ဖွဲ့ဝင် များက ယနေ့ နံနက် ၉ နာရီ အချိန်က မြေပြင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင်မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ရွာမကျေးရွာ အတွင်းရှိ နေအိမ်များသို့ သွားရောက်ကာ ပြည်သူလူထု များအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူလူထုများ၏ အသက် အိုးအိမ် စည်းစိမ်များ ဆုံးရှုံးမှုမရှိ စေရေးအတွက်လျှပ်စစ်မီးဖိုများ ၊ လျှပ်စစ်ထမင်းပေါင်းအိုးများစသည့်တို့ကို စနစ်တကျ အသုံးပြုစေရေး၊ နေအိမ်များ အတွင်းရှိ အသုံးပြုလျက်ရှိသော လျှပ်စစ်ဝါယာကြိုးများ ဟောင်း နွမ်းနေပါက အသစ်လဲလှယ်တပ်ဆင်စေရေး၊ ထင်းမီးဖိုဖြင့် ထမင်း၊ဟင်းချက်ပြုတ် သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန် နှင့် မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေးအကြံပြုလမ်းညွန်မှာ ကြားခဲ့ကြကြောင်း သိရသည်။
လှကျော် ( ပြန်/ဆက်)