မိုးကောင်း ဒီဇင်ဘာ ၂၄
မိမိတို့ပတ်ဝန်းကျင်တွင် လူမှုဘဝရုန်းကန်နေထိုင်ကြရင်း ပတ်ဝန်းကျင်ကိုမည်သို့ ထိန်းသိမ်းရမည် ကို မေ့လျော့နေကြသည့် ပြည်သူများအား အသိပညာ ဗဟုသုတရရှိစေရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show အစီအစဉ်တွင် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်နီနီလွင်၊ မြို့နယ်စာကြည့်တိုက် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ အနာဂတ်လူငယ်အသင်းဥက္ကဋ္ဌ ဦးအောင်ကျော်ကျော်၊ အတွင်းရေးမှူး ဒေါ်စုမြတ်နိုးခိုင်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
အမှိုက်သည် လူတွေအတွက် နိစ္စဒူဝတွေ့ကြုံနေရသည်ဖြစ်၍ အမှိုက်ကိုမည်သို့ စွန့်ပစ်ရမည်၊ မည်သို့ ထိန်းသိမ်းရမည့် အသိပညာပေးကဏ္ဍများ၊ လေ/ရေထုပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ကဏ္ဍများ၊ ကမ္ဘာ့လေထုတွင် အောက်ဆီဂျင် ပါဝင်မှုနှင့် ပတ်သက်သည့် ကဏ္ဍများ၊ ပတ်ဝန်းကျင် လေထုသန့်စင်ရေးကဏ္ဍများ၊ သစ်တောသစ်ပင်ရှိလျှင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးနိုင်သည့် အချက်အလက်ကဏ္ဍများ၊ ပတ်ဝန်ကျင်တွင် အမှိုက်များရှိနေလျှင် ရေအရင်း အမြစ်များ ညစ်နွမ်းစေနိုင်သည့် ကဏ္ဍများအား အပြန်အလှန် ပေါင်းစပ်ဆွေးနွေးခဲ့ကြောင်း သိရ သည်။
သန်းလွင်ဦး(ပြန်/ဆက်)