မတ္တရာ ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် လက္ကောင်းကြီးကျေးရွာအုပ်စု ကံဖြူ အနောက် ကွင်း ကွင်းအမှတ် (၂၂၅) ဦးပိုင် အမှတ် (၃၈) တောင်သူ ဒေါ်ချိုပြုံးရီ စိုက်ပျိုးထားသော ရတနာတိုး မိုးစပါး ၀ဒဿမ၀၀၁ဧက စံကွက်ရိတ်သိမ်းပွဲကို ဒီဇင်ဘာ ၂၃ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြသီတာနှင့် ဝန်ထမ်းများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တောင်သူများတက် ရောက်ခဲ့ကြသည်။
ထို့သို့ ရတနာတိုး မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် အထွက်နှုန်းအခြောက်တင်း (၉၈.၂၇) တင်း ထွက်ရှိခဲ့ ကြောင်း သိရသည်။
စိုးကျော်သူထွေး (မတ္တရာ)