ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၇၄ နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပ

ပုသိမ်  ဒီဇင်ဘာ ၂၄

ဧရာတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင်ကျောင်းသား ၊ ကျောင်းသူများ အသိပညာ ဗဟုသုတများစွာ ရရှိစေရန်နှင့် ဉာဏ်ရည် ပိုမိုဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍ (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်း အမှတ်အဖြစ် ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်ခြင်းများကို ယနေ့နံနက် (၁၀)နာရီက   လူထုအခြေပြုဗဟိုဌာန စာကြည့်တိုက် ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ခရိုင် ဦးစီးမှူးဒေါ်ခင်စန္ဒာက ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများပြုလုပ်ခဲ့ရာ စက္ကူခေါက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဆေးရောင်ခြယ်၊ ပုံပြင်ပြောပြိုင်ပွဲများပြုလုပ်ခဲ့ရာ ကျောင်းသား /သူ  (၁၁) ဦးတို့ကအသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲများအသီးသီးတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့ကြသောကျောင်းသား/ သူများကို ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးမှူးနှင့်တာ ဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့် ခဲ့ကြောင်း သိရသည်။

ပုသိမ်ခရိုင်ပြန်ဆက်