သီပေါ ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်တွင် ၂၀၂၁ခုနှစ် ၊နိုဝင်ဘာ (၁)ရက်နေ့မှစ၍ အခြေခံပညာ ကျောင်းများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် သင်ကြား ပေးလျက်ရှိရာ သီပေါမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း(၁၃၃)ကျောင်း ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် သီပေါမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၂၀)မှ ကျောင်းသား၊ ကျောင်းသူ(၁၀၂၇၄)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၉)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀၄၃)ဦး၊ ကိုယ်ပိုင်အထက်ဆင့် သင်ကျောင်း(၄) ကျောင်းမှ ကျောင်းသား ကျောင်းသူ(၂၁၅)ဦး၊ စုစုပေါင်း (၁၂၅၃၂)ဦး အေးချမ်းစွာ တက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)