ကျောက်တံခါးမြို့နယ် Community Center ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ကျောက်တံခါး ဒီဇင်ဘာ ၂၄

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမ၌ "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်လှလှဦးက "ဟောပြောချက်" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။

ဆက်လက်ပြီး တက်ရောက်လာသူများက “အမေးအဖြေများ” ခေါင်းစဉ်၊ “နောက်ဆက်တွဲ အမေးအဖြေများ” ခေါင်းစဉ်၊ "ဗေဒင်နှင့်ဘဝရည်မှန်းချက်" ခေါင်းစဉ်များဖြင့် ဆွေးနွေးပြီး တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စန်းစန်း(ပြန်/ဆက်)