ဟိုပန် ဒီဇင်ဘာ ၂၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ(၆)လအတွက် ခွင့်ပြုချထားပေးသည့် လိုင်စင် ကတ်ပြားများ ပေးအပ်ပွဲကို ယမန် နေ့ မွန်းလွဲ ၂ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က အဖွင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က ယစ်မျိုးမူဝါဒနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ယစ်မျိုးလိုင်စင် လျှောက်ထားသူ (၁၉) ဦးအား လိုင်စင်ကတ်ပြားများကို ခရိုင်အုပ်ချုပ်ရေးမှူး (ခရိုင်ကော်လိတ္တော်အရာရှိ) ဦးကျော်စိုးတင့်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)