ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ရိုင်၊ ပုသိမ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သော ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

 ပုသိမ် ဒီဇင်ဘာ၂၄

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကိုပုသိမ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး အနောက်ဖက် ငဝန်မြစ်ကမ်းဘေးတွင် ယနေ့ နံနက်ပိုင်းတွင်ကျင်းပသည်။ အခမ်းအနားသို့ ပုသိမ်ခရိုင် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ပုသိမ်ခရိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်မှ ငါးမျိုးစိုက်ထည့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် စီးပွားရေးဖွံဖြိုးတိုးတက်စေရေးနှင့် ငါးလုပ်ငန်းများ ရေရှည်ဖွံဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဂရန်အင်းများ ရေရှည်တည်တံ့စေရေး၊ ငါးသယံဇာတများ ပြုန်းတီးမှု မဖြစ်ပေါ်စေ ရေး၊ အခွန်ငွေများလျာထားချက်ထက် ပြည့်မီကျော်လွန်စွာ ပိုမိုရရှိရေးတို့အတွက် ဆောင်ရွက်လျက် ရှိပါကြောင်းပြောကြားသည်။

 

ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်မှ ပုသိမ်ခရိုင် ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကဲ ရေးကော်မတီ ဥက္ကဋ္ ဦးမောင်မောင်အား ငါးမျိုးများလွှဲပြောင်းပေးအပ်ပြီး၊ ပုသိမ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာထွေးနှင့် ရွှေသောင်ယံမြို့နယ် ဦးစီးဌာနမှူး ဦးဆန်းဝင်း၊ ပုသိမ်ငါးလုပ်ငန်း စခန်းတာဝန်ခံ ဦးမျိုးနိုင်ဦးတို့က ငါးမျိုးများအသီးသီးပေးအပ်ခဲ့ကြရာ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြပြီး ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ကော်မတီ ဥက္ကဌနှင့် ဖိတ်ကြား ထားသည့် ဌာနဆိုင်ရာများမှ ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြသည်။ ယနေ့ ငါးလွှတ်ပွဲတွင် ငါးမြစ်ချင်း ကောင်ရေသုံးသိန်း၊ ငါးခုံးမကြီးကောင်ရေ နှစ်သိန်း စုစုပေါင်းကောင်ရေ ငါးသိန်းကို ငါးမျိုးစိုက်ထည့် ခဲ့ကြကြောင်းသတင်းရရှိသည်။

ပုသိမ်ခရိုင်ပြန်ဆက်