မောက်မယ်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

မောက်မယ် ဒီဇင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စျေးတန်းရပ်ကွက် အခြေခံ ပညာအလယ်တန်းကျောင်းခွဲတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲ များကို ယမန်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းအားကစား ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းတတ်စေရန်၊ အသိဉာဏ်ဖွံ့ဖြိုးပြီး ထူးချွန် ထက်မြက်သည့် လူငယ်လူရွယ်လေးများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ပြီး ကျောင်းတွင်း အားကစားပြိုင်ပွဲတွင် မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူများအား အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပီနံအိတ်စွတ်အပြေးပြိုင်ပွဲ၊ အာလူးကောက်အပြေးပြိုင်ပွဲ၊ ခြေသုံး ချောင်း ထောက်အပြေးပြိုင်ပွဲ၊ ထုတ်ဆီးတိုးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများကို အတန်းလိုက် ပျော်ရွင်စွာ ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့တွင် ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)