ဂွ ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆေးရောင်ခြယ်ခြင်းနှင့် ဂိမ်းကစားပွဲများ ပြုလုပ် ကျင်းပပေးခြင်းကို ယနေ့နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေး စာဖတ်ခန်း နှင့် ဘက်စုံသုံးခန်းမတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ရွှေရည်ဝင်းကျော်က ဆေးရောင်ခြယ် ရာတွင် အရောင်များ ရွေးချယ်သုံးစွဲတတ်စေရန်နှင့် ရောင်စုံကာလာများအား စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးခြယ်တတ်စေရေး ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ဆေးရောင်ခြယ်ခြင်းတွင် ပါဝင်သူ ကျောင်းသား၊ ကျောင်းသူများအား ဒေါ်ရွှေရည်ဝင်းကျော်က အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် အဆိုပါ ကျောင်းသား/ကျောင်းသူများအား ဂိမ်းကစားနည်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်