ငပုတော ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျောင်းသား ကျောင်းသူများ၊ ကျန်းမာပျော်ရွှင်ပြီး အစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အသိဉာဏ် ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းသိရသည်။
အားကစားပြိုင်ပွဲတွင် အမှတ်(၅) အခြေခံပညာ အလယ်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများကို ဘောလုံးလက် ဆင့်ကမ်း၊ ထိုင်ခုံလုနှင့် သားရေကွင်း လက်ဆင့်ကမ်း အားကစားပြိုင်ပွဲ များအား ပြုလုပ်ပေးခဲ့ရာ ကျောင်းသား/သူ (၂၀) ဦးက အားကစားပြိုင်ပွဲတွင် ပျော်ရွှင်စွာ ပါဝင်ကစားခဲ့ကြကြောင်း သိရသည်။
နုနုအေး (ငပုတော)