မရမ်းကုန်းမြို့နယ်အတွင်း ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်ပေးမည့် "ပန်းခင်း" စီမံချက် လက်ကမ်းစာစောင် များဖြန့် ​ဝေ

မရမ်းကုန်း ဒီဇင်ဘာ ၂၄

တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအားဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့် သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက်  ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက် ရန်ကုန်-အင်းစိန်လမ်းကြီးရှိ ကိုဗစ် -၁၉​ ရောဂါ ကာကွယ်​ဆေးထိုးလာ​ရောက်သည့် ပြည်သူများအား ပန်းခင်း စီမံချက်အ​​​ကြောင်းအရာများ သိရှိနိုင်​စေရန်အတွက် လက်ကမ်း စာ​စောင်များကို လူ၀င်မှုကြီးကြပ်​ရေးနှင့်ပြည်သူ့ အင်အား၀န်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်​မောင်သန်းနှင့် ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀) နာရီ တွင်ဖြန့်​​ဝေခြင်းများ​ ဆောင်ရွက်​ပေးလျက် ရှိသည်။

အဆိုပါ ပန်းခင်းစီမံချက်လက်ကမ်း စာစောင်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာ၌ ပူးတွဲ တင်ပြရမည့်အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့်စာရွက် စာတမ်းများ၊ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ အိမ်ထောင်စု စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသ၌ အမြဲတမ်း နေထိုင်လျက် အိမ်ထောင်စု စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသအိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသ ကိုင်ဆောင် လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ခြင်း အစရှိသည့် အချက်များပါဝင်ပြီး ပြည်သူများသိလိုသည့် အချက်များအား  ပါဝင်​ကြောင်း သိရသည်။

​မြို့နယ် (ပြန်/ဆက်)