မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် မြန်အောင် တာမိုင်(၆/၃)အနီး မကျီးစုမြစ်ကမ်းထိန်း ကွန်ကရစ်ကျောက်ပြားများ ဧရာဝတီမြစ်ရေကျဆင်းချိန်တွင် ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိ

မြန်အောင် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ အမှတ်()ရပ်ကွက် မြန်အောင် တာမိုင်(/)အနီး ဧရာဝတီမြစ်ကမ်းဘေး မကျီးစုမြစ်ကမ်းထိန်း ကွန်ကရစ်ကျောက်ပြားများ ဧရာဝတီမြစ်ရေကျဆင်းချိန်တွင် ပျက်စီးမှု များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

မြန်အောင်မြို့ အမှတ်()ရပ်ကွက် မကျီးစု မြန်အောင် တာမိုင်(/)အနီး ဧရာဝတီမြစ်ကမ်းဘေး ကမ်းထိန်းလုပ်ငန်း များကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၂၀၁၇ -၂၀၁၈ )ခု ဘဏ္ဍာနှစ်တွင် အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန်ကရစ်ကျောက်ပြားကပ်တမံ (၉၀၀)ပေ၊ (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ်အတွင် အုန်းတိုင်စိုက် Steel Basket အခြေပြု ကွန် ကရစ်ကျောက်ပြားကပ်တမံ အလျား ၁၂၀ ပေ၊ အခြေထိန်းနှစ်တန်းသွား အုန်းတိုင်စိုက်ရေကာ အလျား ၅၅၀ ပေနှင့် ကမ်းပါးထိန်း မျောကရစ်တည်ဆောက်ခြင်း (Slope Polyfelt)အုပ်ခြင်း၊ Steel Cable Groyne အလျား ၁၅၀ ပေ ၁၄ ခုကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ပျက်စီးလျက်ရှိသော မြစ်ကမ်းထိန်း ကွန်ကရစ်ကျောက်ပြားကပ်တမံ အလျား ပေ(၁၀၀)ကျော်ခန့်သည်  မြန်အောင် တာမိုင်(/)နှင့်နီးကပ်လျက်ရှိပြီး မိုးရာသီတွင် ဧရာဝတီ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကမ်းစားမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ပွင့်လင်းရာသီအချိန်မီ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဟင်္သာတခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ တင်ပြထား ကြောင်း သိရှိရသည်။

ဝင်းဗိုလ်