ဒီပဲယင်း ဒီဇင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ကြီးမှူးကျင်းပပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒီပဲယင်းမြို့ ပညာရေးဌာနနှင့်ပူးပေါင်းပြီး (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အ-ထ-က ရွှေဝါမြေခန်းမတွင် ကျင်းပခဲ့ပါသည်။
စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ၃ဦး အလယ်တန်းအဆင့် ၂၄ဦး မူလတန်းအဆင့် ၂ဦး စုစုပေါင်း၂၉ဦးပါဝင်ယှဉ်ပြိုင်ခဲ့ ပြီး ဆုရရှိသူများကိုဇန်နဝါရီလ၄ ရက် လွတ်လပ်ရေးနေ့တွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်းသိရပါသည်။
သိန်းထွန်း