ငဖဲ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံးသစ် အဆောက်အဦရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်၍ အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ် အုပ်ချုပ် ရေးမှူးဦးအောင်သိန်းလှိုင် နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်သောင်း နှင့် ဌာနဆိုင်ရာများ၊ကျောင်းတွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
အဆိုပါ ကျောင်းတွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဆောက်အဦသည် ငဖဲ-ပဒါန်းသွားကားလမ်း ဘေးကျောင်းတွင်းရပ်ကွက်ထိပ်တွင်တည်ရှိပြီး အလျား ၂၇ပေ၊အနံ ၁၈ ပေ၊ အမြင့် ၁၀.၅ပေ ရှိ အုပ်ညှပ် တစ်ထပ် အမျိုးအစားဖြစ်၍ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ် ၉၉ သိန်း ၅သောင်း ဖြင့် ငဖဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၀ပြည့်နှစ်၊ ဇွန်လ ၈ ရက်နေ့ကစတင်၍ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပြီး ၂၀၂၀ပြည့် နှစ် စက်တင်ဘာလ ကုန်တွင် လုပ်ငန်းအားလုံးရာနှုန်းပြည့် ပြီးစီးခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)