ဗန်းမော်မြို့ သီလရှင်သင်ပညာရေးကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်

ဗန်းမော်မြို့      ဒီဇင်ဘာ     ၂၇

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တတိယနှစ်သူနာပြု ဒီပလိုမာ သင်တန်းသား/သူများသည် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ()နာရီက ()မိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ ချမ်းမြေ့မဉ္ဇရီသီလရှင်သင်ပညာရေးကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဗန်းမော်မြို့ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာမြင့်နှင့် တတိယနှစ် သူနာပြု ဒီပလိုမာသင်တန်းသား/သူများတို့က အခြေခံပညာမူလတန်းလွန်ကျောင်း (ချမ်းမြေ့မဉ္ဇရီသီလရှင်သင် ပညာရေးကျောင်း၌)တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၁၁၆)ဦးတို့အား ကျန်းမာရေးစစ်ဆေးခြင်း နှင့် ကျောင်းကျန်းမာရေး စစ်ဆေးဆောင်ရွက်သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာဗဟုသုတရရှိစေရန် တတိယနှစ်သူနာပြု ဒီပလိုမာသင်တန်းသား/သူ Group-1 မှ သင်တန်းသူ မဇင်လင်းနွယ်က ဝမ်းပျက်၊ ဝမ်းလျောရောဂါနှင့် ပတ်သက်၍လည်းကောင်း၊  Group-2 မှ သင်တန်းသူ မဂျန်မာဆိုင်းနူးပန်က သွားကျန်းမာရေးနှင့်ပတ်သက်၍လည်း ကောင်း၊ Group-3 မှ သင်တန်းသူ မအေးမြင့်သီတာကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍လည်း ကောင်း၊ Group-4 မှ သင်တန်းသား မောင်စိုးမင်းထွန်းက လက်ဆေးခြင်း၏ အရေးကြီးပုံကို အသိပညာပေးခဲ့ကြပြီး ဗန်းမော်မြို့ သူနာပြုသင်တန်းကျောင်းမှ တတိယနှစ်သင်တန်းသား/သူများတို့က လက်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ခြင်း သရုပ်ဖော်ပြသခဲ့သည်။

ဗန်းမော်မြို့ သူနာပြုသင်တန်းကျောင်းမှ တတိယနှစ်သင်တန်းသား/သူများတို့က သီလရှင် သင်ပညာရေးကျောင်း အတွက် အလှူငွေကျပ် ()သောင်းလှူဒါန်းပေးအပ်ပြီး ကျောင်းသားကျောင်းသူများကို ဗလာစာအုပ်နှင့်ခဲတံ ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

ကိန်းဖြူ