မိုင်းယောင်း ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယနေ့က ဒေသခံပြည်သူ ၄၀ ဦး လာရောက်ထိုးနှံကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
တတိယအသုတ် ဒုတိယကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SINOPHARM) ကို ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း