ကျိုက်ထိုမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

ကျိုက်ထို  ဒီဇင်ဘာ  ၂၇

ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်‌ ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက်ပိုင်းက ပုံပြောခြင်း အစီအစဉ်အား ဝန်ထမ်းများက ရိုက်ကူးထုတ်လွှင့်ပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ‌မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီး မှူး ဒေါ်‌အေးယုဝေက ကိုကာ့မျိုးနွယ်စုစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသာပြစုထားသည့်“ ဘဲလေးထော်ထော်” ကလေးပုံပြင် စာအုပ်အား ပုံပြင်ပြောပြခြင်းအစီအစဉ် ပြုလုပ်၍ ကျိုက်ထိုမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Pageမှတစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ပေးခဲ့သည်။
မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွား နေသည့် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများ နှင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအတွက် အသိပညာဗဟုသုတများ ရရှိစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စိတ်အပန်းပြေပျော်ရွှင်စေရန် ရည်ရွယ်၍ သုတ၊ ရသ စာအုပ်စာစောင်မိတ်ဆက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း အစီအစဉ်များနှင့် ရောင်စုံစက္ကူလေးများဖြင့် အရုပ်ခေါက်/ ပန်းအလှခေါက်ခြင်း စသည့် အစီ အစဉ်များကို ရိုက်ကူးကာ Online မှတဆင့်နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးယုဝေ(ကျိုက်ထို)