ခမောက်ကြီးမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ခမောက်ကြီး  ဒီဇင်ဘာ  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ခမောက်ကြီးမြို့ မူလွန်အမှတ်(၄)စာသင်ကျောင်းတွင် ယနေ့ နံနက်(၁၀)နာရီခန့်က ပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင်ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ ဦးစီးမှူး ဒေါ်အိမာဟိန်းက ကျောင်းသူကျောင်းသားများ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက် လာစေရန်နှင့် အသိပညာတိုးပွားစေရန် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ ရှင်းလင်းပြောကြားခြင်း၊ လွတ်လပ်ရေးနေ့နှင့် ဆက်နွယ်နေသည့်နေ့ထူးနေ့မြတ်များကို ကျောင်းသားကျောင်းသူများ ဗဟုသုတတိုးပွားစေရန် အမေးအဖြေ ကဏ္ဍများပြုလုပ်ပေး ပြီးနောက် လွတ်လပ်ရေးဗိသုကာကြီးဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပြောကြားချက်များအား ကျောင်းသားကျောင်းသူတို့ လေးစားလိုက်နာတတ်စေရန် အလို့ငှာ နံရံကပ်စာစောင် များ ပြသခဲ့ကြောင်း သိရသည်။

ရူပါမြင့်(ခမောက်ကြီး)