ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် တိုင်းရင်းဆေး ပညာအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ဗိုလ်တထောင် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးပညာ အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က ဗိုလ်တထောင် မြို့နယ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သိန်းသိန်းယဉ်က ဆွေးနွေးပွဲ (Talk  Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ် ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေး ဦးစီးဌာန လက်ထောက် တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူက သီးနှံများ၏ ထူးခြားသော ဆေးဖတ်ဝင်အာနိသင်များ၊ နေ့စဉ်စားသောက် နေသောအိမ်ရှင်မတို့ လက်တကမ်းမှသီးနှံများ ၏ ကျန်းမာရေးအတွက်အကြိုးပြုပုံနှင့် ဆေးဖတ်ဝင်ပုံများ၊ ရုတ်တရက်အရေးပေါ်အတွက် ဆေးနည်းတို(ဆေးမီးတို) အသုံးဝင်ပုံများနှင့် တိုင်းရင်းဆေးဖြင့် လေဖြတ်ရောဂါကုသခြင်း နှင့် တိုင်းရင်းဆေးပညာသိကောင်းစရာများကို အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

မေနှင်း(ဗိုလ်တထောင်)