မိတ္ထီလာခရိုင်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပမည်

 မိတ္ထီလာ ဒီဇင်ဘာ ၂၇

 မိတ္ထီလာခရိုင်အတွင်းရှိ ၂ဝ၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့ဆိပ်တော် အလှူခံရရှိတော်မူတော် ဆရာတော်ကြီး ၇ ပါး နှင့် သီလရှင်ဆရာကြီး ၁ ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ၂ဝ၂၁ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ၊ နိကာယ်ငါးရပ်စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် ဖြေဆို အောင်မြင်တော်မူသည့် စာအောင်သံဃာတော်နှင့် သီလရှင် ၂၆၅ ပါးတို့အား ပူဇော်သော စူဠဘွဲ့ နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာခရိုင်အတွင်း၂ဝ၂၁ခုနှစ်မှာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်အလှူခံရရှိ တော်မူတဲ့ သံဃာတော် ၇ ပါးတဲ့ သီလရှင်ဆရာကြီး ၁ ပါး တို့ကို ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနဲ့ အစိုးရဓမ္မာစရိယ စာမေးပွဲ၊နိကာယ်ငါးရပ်စာမေးပွဲနဲ့ ပါဠိပထမပြန်စာမေးပွဲတို့မှာ ဖြေဆိုအောင်မြင်တော်မူတဲ့ စာအောင်သံဃာတော်၊ သီလရှင် ၂၆၅ ပါးတို့ကိုပူဇော်တဲ့ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ဒီဇင်ဘာ ၂၉ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ သီရိမင်္ဂလာရပ်ကွက်ထီးသုံးဆင့်၊ ရွှေမြင်မိ၊လေးမျက်နှာဘုရား ဝန်းမှာရှိတဲ့ အောင်မင်္ဂလာခန်းမှာကျင်းပပြုလုပ်ဖို့ စီစဉ်လျက်ရှိပါတယ်ဟု ခရိုင်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိတ္ထီလာခရိုင်အတွင်း ၂ဝ၂၁ ခုနှစ်တွင် နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် အလှူခံ ရရှိတော် မူသည့်စာရင်းမှာ  မိတ္ထီလာမြို့နယ်မှ အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သံဃာတော် ၁ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ သံဃာတော် ၁ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ သံဃာတော်၃ ပါး၊ ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ သံဃာတော် ၁ပါး ၊ဂန္ထဝါ စကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သီလရှင် ၁ပါး၊  ဝမ်းတွင်းမြို့နယ်မှ ဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော် ရ သံဃာတော် ၁ ပါး တို့ဖြစ်ကြောင်း သိရသည်။

ချမ်းသာ