ပေါက်တော ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေဝါသနာရှင် လူငယ်များပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် "လွတ်လပ်ရေးရသည်မှ နှစ်လေးဆယ်" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအဖြစ် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေး နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများ၊ ကျောင်းသူ/ကျောင်းသားများအနေဖြင့် လွတ်လပ်ရေးကို အစဥ်အမြဲသတိရကြစေရန်တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ စာထောက်(၃) ဦးဇော်ထွန်းလင်းက "လွတ်လပ်ရေးရသည်မှ နှစ်လေးဆယ်" စာအုပ်ကို ဦးဆောင်ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင် လူငယ်များက သိရှိလိုသည်များကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပေါက်တော (ပြန်/ဆက်)