မုဒုံ ဒီဇင်ဘာ ၂၇
မွန်ပြည်နယ် မုဒုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဒီဇင်ဘာ လူထုအားကစားနှင့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို မြို့ပေါ်ရပ်ကွက်များမှ အသင်း(၉)သင်းတို့က အုပ်စုလေးအုပ်စုခွဲ၍ ပတ်လည်ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဗိုလ်လုပွဲတွင် W.K.P(Z) အသင်းက ဖူးဖူး(ခ)အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက် ဆုရရှိသောအသင်းများအား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ မုဒုံမြို့နယ်စခန်းမှူး ဝင်းထွဋ်အောင်နှင့် တာဝန်ရှိသူများက ပထမဆု (၁)သိန်းကျပ်နှင့် ဒုတိယဆု(၅)သောင်းကျပ်တို့ကို ဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)