လမိုင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာ​ပေး နှိုးဆော်ချက်များ ဆက်လက်ဆောင်ရွက်

လမိုင်း  ဒီဇင်ဘာ  ၂၇

မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်းရှိ ရပ်ကွက်နေပြည်သူများ ​ပူပြင်းခြောက်သွေ့တဲ့ရာသီ ရောက်ရှိလာသည့်အတွက် မီးဘေးအန္တရာယ်​​ကြိုတင်ကာကွယ်ရေး အသိပညာပေး နိူးဆော် ချက်များကိုယမန်နေ့ ည ၇ နာရီက အသိပညာ​ပေးနှိုးဆော်ချက်များ ဆောင်ရွက်ခဲ့ကြသည်။ 

ထိုသို့ ဆောင်ရွက်ရာတွင်  မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ဌေးလှိုင် ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များက  ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် စည်းကမ်းချက်များလိုက်နာရန် မီးလောင်မှု၊  မီးလန့်မှု မဖြစ်ပွားစေရေး နှင့်   မတော်တဆမီးလောင်မှု ဖြစ်ပွားပါကလည်း ၊ မီးလောင်ဆုံးရှုံးမှု လျော့နည်းစေရေး အတွက်  အသုံးပြုလျက်ရှိသည့် လျှပ်စစ်ဝါယာကြိုးများအား စနစ်တကျ သွယ်တန်း တပ်ဆင် အသုံးပြုကြရန် ၊ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းနေပါက  တတ်ကျွမ်းနားလည်သူများနှင့် အသစ်လဲလှယ် တပ်ဆင်ပြီး အသုံးပြုကြရန် ၊ အိမ်တိုင်း အိမ်တိုင်း မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ ရှေးဦးမီးသတ်ဆေးဘူးများ  ဆောင်ရွက်ထားရှိစေရေးအတွက်ပြည်သူများကို အသိပေ နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

လမိုင်း(ပြန်/ဆက်)