နတ်မောက်မြို့၌ (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇူလိုက် ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ဥမ္မာခင်၊ ဦးစီးအရာရှိက ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံပြီးထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ နေ့ထူးနေ့မြတ်များအား အစဉ်သတိရနေစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်၊ စာပေလေ့လာမှု ပိုမိုအားကောင်းစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ပါကြောင်းပြောကြားပြီး ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်အဆင့် ပြိုင်ပွဲကိုကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တို့မှ ကျောင်းသား၊ ကျောင်းသူ(၃၅)ဦးတို့က “အနာဂတ်လူငယ်များ၏ မျိုးချစ်စိတ်ဓာတ်နှင့်စည်းလုံးညီညွတ်ရေး” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲတွင် ဆုများ ချီးမြှင့်ပေးသွားမည်​ဖြစ်သည်။

လှဝင်း