လဟယ် ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းသည် ယနေ့နံနက်(၀၈:၃၀)နာရီအချိန် လဟယ်မြို့ မာလာတောင်အားကစားခန်းမ၌ကျင်းပပြုလုပ်သည့် ငှက်ပျောစိုက်ပျိုးရေးနည်းစနစ် အသိပညာပေးဟောပြောပွဲ တက်ရောက်ပါသည်။
ဦးစွာနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားမိဘများအနေဖြင့် မိမိကလေးဗလငါးတန်ပြည့်စုံစေရန်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်အတွက် အိမ်တိုင်းငှက်ပျောပင်စိုက်ပျိုးကြရန် မှာကြားပါသည်။ ထို့နောက် လဟယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝေမင်းဦးက ငှက်ပျော စိုက်ပျိုးရေးနည်းစနစ်ပတ်သက်၍ အသိပညာပေးဟောပြောပါသည်။
အဆိုပါ အခမ်းအနားသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း၊ အတွင်းရေးမှူး ဦးညီညီထွေး၊ နာဂဦးစီးအဖွဲ့၀င်များဖြစ်တဲ့ ဦးရှုမောင်(စီမံ)၊ ဦးထန်ငူ(လူမှု)၊ ဦးဟာမန်(စီးပွါး)နှင့် လဟယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် အဖွဲ့၀င်များ၊ လဟယ်မြို့ပေါ် (၄) ရပ်ကွက်မှ ကျောင်းသားမိဘများတက် ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)