ခန္တီးမြို့၌‌ မြေနိမ့်ပိုင်းရပ်ကွက်ရှိ နေအိမ်အချို့ရေဝင်ရောက်မှု အခြေအနေနှင့် ရေထိန်းတံခါးများအား လိုက်လံကြည့်ရှုစစ်ဆေး

ခန္တီး ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၊ ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်မြေနိမ့်ပိုင်း ရှိနေအိမ်အချို့ ရေဝင်ရာက်မှု အခြေအနေများနှင့် မြစ်ရေထိန်းတံခါးများအား ယမန်နေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက လိုက်လံကြည့်ရှုစစ်ဆးခဲ့သည်။

ခန္တီးမြို့၏စိုးရိမ်‌ ရေအမှတ်မှာ (၁၃၆၀) စင်တီမီတာဖြစ်ပြီး ယခုအခါချင်းတွင်းမြစ်ရေမှာ ယနေ့(၁၂)နာရီခွဲတိုင်းထွာချက်အရ (၁၂၆၀)စင်တီမီတာသို့ ရောက်ရှိနေပြီး ၎င်းမြို့၏စိုးရိမ် ရေ ‌‌‌‌‌‌‌‌‌‌‌‌‌‌အမှတ်အောက် (၃)ပေခန့်ရောက်ရှိနေပြီဖြစ်သဖြင့် မြို့ပေါ်ရပ်ကွက်‌မြေနိမ့်ပိုင်းရှိနေအိမ်အချို့နှင့် ဆင်သေကျေးရွာရေ‌‌ဝင်ရာက်နမှုအခြေအနေများ၊ ပေါမိုင်းရပ်ကွက် အောင်သာနှင့် သာစည်ရပ်ရှိ ချင်းတွင်းမြစ်ရေထိန်းတံခါး အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ချင်းဖြစ်ကြာင်း သိရသည်။

ခရိုင်(ပြန်/ဆက်)