သတင်းများ

ကျွန်းလှ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Jan 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ပြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်းပြီး (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
မင်းလှ၌ (၈၄)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ပြုလုပ်
Jan 02,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ဗျက်ကြီး‌ကျေးရွာအုပ်စု၊ ဗျက်ကြီးချောင်းနား‌ကျေးရွာ၌ (၈၄) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျွန်းလှ၌ ကျင်းပ
Jan 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီမှ ကြီးမှူးပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့ ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီက သက်ဆိုင်ရာ အားကစားကွင်းများ၌ ကျင်းပကြောင်း သိရသည်။
ကမမောင်းမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် မူလတန်းအဆင့် ဆေးရောင်ခြယ်နှင့် ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်
Jan 02,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ဆေးရောင်ခြယ်နှင့်ပန်းချီ ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်း (၉)နာရီအချိန်ခန့်က ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူမြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်းအခြေခံဘောလုံးကစားနည်းပြိုင်ပွဲဆုချီးမြှင့်
Jan 02,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်‌ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် အလွတ်တန်းအခြေခံ ဘောလုံးကစားနည်းပြိုင်ပွဲ ဆုချီး‌မြှင့်ခြင်းကို ယနေ့ နံနက် ၈နာရီခွဲအချိန်က ကျင်းပသည်။
မင်းလှ၌ (၁၉) ကြိမ်မြောက်မြတ်ဆရာပူဇော်ပွဲတွင် ကန်တော့ခံဆရာဆရာမများအား အိမ်အရောက်လိုက်လံဂါရဝပြုကန်တော့
Jan 02,2022
ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ်အမှတ်(၃)ရပ်ကွက် အ.လ.က လမ်းမတော်(ယခင်တရုပ်) ကျောင်း ကျောင်းသား/ကျောင်းသူဟောင်းများက ဦးဆောင်ကျင်းပသည့်(၁၉) ကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲအား  ယမန်နေ့က ကန်တော့ခံဆရာ၊ ဆရာမများကို  အိမ်တိုင်ရာရောက် လိုက်လံဂါရဝပြု ကန်တော့ခဲ့ကြကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် ၂၀၂၂ ခုနှစ်  နှစ်သစ်ကူး အထိမ်းအမှတ် နည်းဗျူဟာမှူးဒိုင်း ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ
Jan 02,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အမှတ် (၁၀၁၁) နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့  ၂၀၂၂-ခုနှစ်  နှစ်သစ်ကူး အထိမ်းအမှတ် နည်းဗျူဟာမှူးဒိုင်း ဘောလုံးပြိုင်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့က မန်လုံရပ်ကွက် ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့‌ပါသည်။
လွိုင်လင်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဓါတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီအချိန်က လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဓါတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပခဲ့ရာ ကျောင်းသား/ သူလေးများမှ ကြည့်ရှုလေ့လာခဲ့ကြသည်။