သတင်းများ

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားကို ကော့ကရိတ်မြို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 02,2022
ကရင်သက္ကရာဇ် ၂၇၆၁ခု နှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားနှင့်  ကရင်ရိုးရာ​ကောက်သစ်စားပွဲကို ယနေ့နံနက်ပိုင်းက အမှတ် (၁)ရပ်ကွက်၊ ချောင်း တောင်ရပ်၊ ဖီ့ဗီးယော်ကွင်း၌ ကျင်းပသည်။
မင်းဘူး(စကု)မြို့နယ် ပင်းတလဲကျေးရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ပေး
Jan 02,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ပေါင်းရွာကျေးရွာအုပ်စု၊ ပင်းတလဲကျေးရွာရှိ ကျေးလက်နေပြည်သူများ သောက်သုံးရေရရှိရေးအတွက် (၄)လက်မ PVC စက်ရေတွင်းတစ်တွင်းကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက (၂၀၂၁-၂၀၂၂) ဘဏ္ဍာရေးနှစ် မီနီဘက်ဂျက် ၆ လတာကာလအတွင်း တူးဖော်ပေးလျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၁၄၁၃၂၀ ဦး ထိုးပေးနိုင်ပြီဖြစ်
Jan 02,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၄၁၃၂၀ ဦးထိုးနှံပေးခဲ့ပြီ ဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၃)ရွာအကျိုးပြုမည့် ကျေးရွာချင်းဆက်လမ်းပေါ်၌ Box Culvert တံတားတစ်စင်း ဆောက်လုပ်ပေး
Jan 02,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ကွာဟမှု လျော့နည်းစေရေးအတွက် ကျေးလက်လမ်းတံတားများ ပြုပြင်တည်ဆောက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၃)ရွာအကျိုးပြုမည့်  ငါးမြွေကုန်း-ထုံးဘိုကျေးရွာချင်း ဆက်လမ်း ပေါ်၌ Box Culvet တံတား(၁)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။
ရေတာရှည်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ
Jan 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်း က  ကျင်းပပြုလုပ်ခဲ့သည်။
ဟုမ္မလင်း လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ်(Table Tennis) ပြိုင်ပွဲကျင်းပ
Jan 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ကြီးမှူး၍ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စားပွဲတင်တင်းနစ်(Table Tennis)ပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကာကွယ်ဆေးများထိုးနှံရေး အသိပေးနှိုးဆော်
Jan 02,2022
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါများ လျော့ကျစေရန်နှင့်   နောက်ထပ် ကူးစက်ဖြစ်ပွားလာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် မင်းဘူး ဦးဩဘာသခန်းမနှင့် စကုမြို့ ကန်ဦး သဘာဝတရားရိပ်သာတို့တွင် ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ယမန်နေ့နံနက် ၉ နာရီအချိန်က လှည့်လည်နှိုးဆော်ခဲ့ကြသည်။