ကျွန်းလှ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီမှ ကြီးမှူးပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့ ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီက သက်ဆိုင်ရာ အားကစားကွင်းများ၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ အားကစားပြိုင်ပွဲများအဖြစ် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော် ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် အခြေခံပညာကျောင်းများတွင် စာစီစာကုံး၊ ကာတွန်း၊ ပြေးခုန်ပစ်၊ ထုတ်ဆီးတိုး၊ လွန်ဆွဲပြိုင်ပွဲများ ကျင်းပကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်း ထံမှသိရသည်။
မျိုးဝင်းညို(ကျွန်းလှ)