မင်းလှ ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊မင်းလှမြို့နယ်အမှတ်(၃)ရပ်ကွက် အ.လ.က လမ်းမတော်(ယခင်တရုပ်) ကျောင်း ကျောင်းသား/ကျောင်းသူဟောင်းများက ဦးဆောင်ကျင်းပသည့်(၁၉) ကြိမ်မြောက် မြတ်ဆရာ ပူဇော်ပွဲအား ယမန်နေ့က ကန်တော့ခံဆရာ၊ ဆရာမများကို အိမ်တိုင်ရာရောက် လိုက်လံဂါရဝပြု ကန်တော့ခဲ့ကြကြောင်း သိရသည်။
မြတ်ဆရာပူဇော်ပွဲတွင် ကန်တော့ခံသက်ကြီး ဥလျောင်ဆရာတစ်ဦးအား တစ်သိန်းကျပ်၊ အသက်(၇၀) နှစ်အထက် ဆရာဆရာမ(၂၁) ဦးအား တစ်ဦးလျင် (၇၀၀၀၀) ကျပ်နူန်း၊ အသက် (၆၀)နှင့်(၇၀) ကြား ဆရာဆရာမ(၃၀) ဦးအားတစ်ဦးလျှင် (၅၅၀၀၀) ကျပ်နူန်းနှင့် လက်ဆောင်ပစ္စည်းများတို့ဖြင့် တပည့်ကျောင်းသား ကျောင်းသူဟောင်းများက ပူဇော်ကန်တော့ခဲ့ကြသည်။
(၁၉)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲတွင် ကန်တော့ခံဆရာဆရာမ (၅၂)ဦးအနက်မှ မင်းလှ မြို့နယ်အတွင်းရှိသော ကန်တော့ခံဆရာကြီး၊ ဆရာမကြီး(၄၀)ဦးအား အိမ်တိုင်ရာရောက် လိုက်လံဂါရဝပြုကန်တော့ခဲ့ကြသည့်အပြင် အခြားမြို့နယ်များတွင် နေထိုင်သည့် ကျန်ရှိကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကိုလည်း သင့်ရာငွေလွှဲပို့နည်းဖြင့် ပေးပို့ဂါရဝပြု ကန်တော့ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)