ကျွန်းလှ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ကျွန်းလှ   ဇန်နဝါရီ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ပြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဝင် ဦးဆန်ငွေက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ လွတ်လပ်ရေးတည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းပူးပေါင်းပြီး ကာကွယ်စောင့် ရှောက်ကြရန်လိုကြောင်း အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)