ပခုက္ကူ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် အလွတ်တန်းအခြေခံ ဘောလုံးကစားနည်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယနေ့ နံနက် ၈နာရီခွဲအချိန်က ကျင်းပသည်။
ပထမဦးစွာ ပခုက္ကူမြို့ပေါ်ရှိ အလွတ်တန်းအခြေခံဘောလုံးကစားနည်းပြိုင်ပွဲဝင်(၃၇)ဦးတို့အား သက်ဆိုင်ရာနည်းပြများ၏ ကြီးကြပ်မှုဖြင့် Jugglingတော့ခြင်း တစ်မိနစ်၊ Passing ပေးခြင်း သုံးကြိမ်၊ Dribbling သယ်ယူခြင်း နှစ်မိနစ်၊ Shooting ဂိုးသွင်းခြင်းစီ ယှဉ်ပြိုင်ကစားစေပြီး သတ်မှတ်ထားသည့် နည်းစနစ်နှင့်အကြိမ်ရေအလိုက် ကစားပြနိုင်သူတို့ကို အမှတ်ပေး ရွေးချယ်ကြကာ ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများအား ပခုက္ကူခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ ခရိုင်အာ/ကာမှူး ဦးကျော်ထွန်းဦးနှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီမြှင့်ကြသည်။
၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပခုက္ကူခရိုင်နှင့်မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူး၍ အလွတ်တန်း အခြေခံဘောလုံးကစားနည်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော် ခြင်းပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပေး လျက်ရှိကြောင်း သိရသည်။
ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)