သတင်းများ

လဲချားမြို့တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် အခြေခံပညာကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Jan 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်  (၇၄)နှစ်မြောက်လွတ်လပ်ရေး နေ့ အထိမ်းအမှတ်  မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ (ထက်၊ လယ်) စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က လဲချားမြို့နယ်အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့​သည်။ 
မွန်ပြည်နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ဌာနပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ
Jan 02,2022
ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများပူး​ပေါင်း ကာအားကစားနည်းများအလိုက် ဇန်နဝါရီ (၁) ရက်မှ (၄) နေ့ထိ မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းကျောင်းဝင်းတွင် ကျင်းပမည်ဖြစ်ရာ ဇန်နဝါရီ ၁ ရက်မှ စတင်ပြီး ပွဲစဉ်ထမရက်အဖြစ် ပါဝင်ယှဉ်ပြိုင်ရမည့် ဌာနဆိုင်ရာများအား သတ်မှတ်ကစားနည်းများအလိုက်ကျင်းပ​ပေးသည်။
မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ RCC(၂)ထပ်ကျောင်းဆောင်သစ်   ဆောက်လုပ်လျက်ရှိ
Jan 02,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်မြို့သစ်မြို့မြို့မ အလယ်တန်းကျောင်းခွဲ ကျောင်းမြေနေရာ တွင်(၉၀'×၃၀')RCC(၂)ထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လျက်ရှိရာပြီး စီးရန်(၁၀) ရာခိုင်နှုန်းသာလိုတော့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုးညိုမြို့နယ် တွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို)ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပြုလုပ်
Jan 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ အားကစားဝါသနာရှင်များပူးပေါင်း၍ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီ အချိန်မှစ၍ မိုးညိုမြို့၊ ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်လည်စေလွှတ်သူ (၂၆၁) ဦးထိ ရှိလာ
Jan 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၁ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယမန်နေ့ နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
မိုင်းခတ်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၇) နာရီအချိန်က မြို့မစျေးရှိစျေး​ရောင်း၊  စျေးဝယ်တိုင်းရင်းသားပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
ကော့သောင်းမြိုနယ်ရှိ အခြေခံပညာကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
Jan 02,2022
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပလျက် ရှိကြောင်းသိရသည်။
နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ လွတ်လပ်ရေးအောင်ပွဲနေ့အကြောင်း Talk Show ဆွေးနွေးပွဲပြုလုပ်
Jan 02,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အောင်ပွဲ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုပြုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။