မိုင်းခုတ်မြို့၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပျော်ရွှင်စရာ ဂိမ်းကစားနည်း ပြိုင်ပွဲများ ကျင်းပ

မိုင်းခုတ် ဇန်နဝါရီ   ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် တစ်ဉီးနှင့် တစ်ဉီးရင်းနှီးချစ်ခင်ပြီး ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရရှိစေရန်ရည်ရွယ်၍   (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပျော်ရွှင်စရာ ဂိမ်းကစားနည်းပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါ ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပျော်ရွှင်စရာဂိမ်းကစားနည်းပြိုင်ပွဲများတွင် အဖွဲ့လိုက် ပူပေါင်းဖောက်ပြိုင်ပွဲ၊ ပူပေါင်းညှပ် ပြိုင်ပွဲနှင့် ဂုန်နီအိတ်စွပ် ပြိုင်ပွဲများ ပါဝင်ပြီး အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်းသိရသည်။

ထို့နောက် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများအား လည်းကောင်း၊ ပါဝင်ယှဉ်ပြိုင် ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်မုန့်များအား လည်းကောင်းပေးအပ်ချီးမြှင့်ကာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ထုတ်ဝေသည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း